Open-ended Intergovernmental Working Group Meetings on Prevention of Corruption and Asset Recovery အစည်းအဝေး

  • Mon, 21 August 2017

Open-ended Intergovernmental Working Group Meetings on Prevention of Corruption and Asset Recovery အစည်းအဝေး


        ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ (Vienna International Center-VIC) တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့်  Open-ended Intergovernmental Working Group Meetings on Prevention of Corruption and Asset Recovery သို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာဦး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှညွှန်ကြားရေးမှူး ဦးမောင်မောင်လှ၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထက်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် သုတေသနဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၊ ပြစ်မှုတရားစီရင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောမျိုးမျိုးနှင့်ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်စိုး တို့ တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးသို့ UNODC၊ UNDP၊ World Customs Organization-WCO ၊ Council of Europe Group of States against Corruption (GERCO)၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ International Criminal Police Organization- INTERPOL ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ-IACA၊ ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီ၊ အာရှ-အာဖရိက ဥပဒေရေးရာအတိုင်ပင်ခံအဖွဲ့နှင့် စာချုပ်ဝင်နိုင်ငံ (၉၇)နိုင်ငံနှင့် ကုလသမဂ္ဂ လက်အောက်ခံနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်းဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အလျောက် UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် (ပထမစက်ဝန်း) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်သကဲ့သို့ (ဒုတိယစက်ဝန်း) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ကောင်းမွန်သော အလေ့အထများ၊ အတွေ့အကြုံ ကောင်းများနှင့်  UNCAC အကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာသော အကြံပြုသုံးသပ်ချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်​ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ