Corruption Risk Management in Procurement: Experiences and Way Forward ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

  • Wed, 9 August 2017

Corruption Risk Management in Procurement: Experiences and Way Forward ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ VIE Hotel 12th Floor တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Corruption Risk Management in Procurement: Experiences and Way Forward ​ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဒေါ်ခင်မော်ဝေ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကိုယ်စားလှယ်(၂)ဦး၊ ဘူတန်နိုင်ငံမှ ကိုယ်စားလှယ် (၃)ဦး၊ ဘရူနိုင်းနိုင်ငံမှ ကိုယ်စားလှယ်(၁) ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ အိန္ဒိယနိုင်ငံ မှကိုယ်စားလှယ်(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ် (၁)ဦး၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ် (၄) ဦး၊ မလေးရှားနိုင်ငံမှ ကိုယ်စားလှယ် (၃)ဦး၊ မော်လ်ဒိုက်နိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ နီပေါနိုင်ငံမှ ကိုယ်စား လှယ်(၃)ဦး၊ဖိလစ်ပိုင်နိုင်ငံမှကိုယ်စားလှယ်(၄)ဦး၊ ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်(၁)ဦး၊ သီရိလင်္ကာနိုင်ငံ မှ ကိုယ်စားလှယ်(၂)ဦး၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်(၉)ဦး၊ တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ် (၂)ဦး၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်(၄)ဦး၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၂)ဦး၊ UNDP မှကိုယ်စား လှယ်(၆)ဦး နှင့် UNODC မှ ကိုယ်စားလှယ်(၇)ဦး စုစုပေါင်း (၆၁) ဦး တက်ရောက်ခဲ့ပါသည်။

ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြင့် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ ပြည်သူ့ပစ္စည်းဝယ်ယူမှုနှင့် စီမံခန့်ခွဲမှုတွင် အဂတိလိုက်စားမှုအန္တရာယ်ကို တားဆီးနိုင်သည့် နည်းလမ်း များ၊ စိန်ခေါ်မှုများကို ဖြေရှင်းသည့်နည်းလမ်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြန်မာနိုင်ငံ၏ UNCAC အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ရေး ဒုတိယစက်ဝန်း ကိုယ်တိုင်အကဲဖြတ်ဆန်းစစ်ချက်နှင့် ပတ်သက်၍ အထောက်အပံ့ကောင်းများရရှိခဲ့သဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ