အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
- Mon, 31 July 2017
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။)
၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော "အသက် ၇၀ နှစ်ထက် မကြီးသူ" ဆိုသည့်စကားရပ်ကို "အသက် ၇၅ နှစ်ထက် မကြီးသူ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်