United Nations Development Programme (UNDP) မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးမှု
- Tue, 20 June 2017
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် United Nations Development Programme (UNDP) မှ Chief Technical Advisor Mr.Christophors Politis နှင့် Programme Coordinator ဖြစ်သူ ဒေါ်သင်းသင်းအောင် တို့အား ၂၀-၆-၂၀၁၇ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၄:၃၀ နာရီအထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် UNDP မြန်မာမှ အဆိုပြု တင်ပြခဲ့သည့် Project Proposal ၏ လုပ်ငန်းအစီအစဉ် နှစ်ခုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။