United Nations Development Programme (UNDP) မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးမှု
- Mon, 5 June 2017
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်သော အဖွဲ့သည် United Nations Development Programme (UNDP) မှ Chief Technical Advisor Mr.Christophors Politis နှင့် Programme Coordinator ဖြစ်သူ ဒေါ်သင်းသင်းအောင် တို့အား ၅-၆-၂၀၁၇ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၄:၃၀ နာရီအထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် UNDP မြန်မာမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အတွက် အဆိုပြုတင်ပြခဲ့သည့် Project Proposal ၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ် Activity 1.1 နှင့် 2.1 တို့နှင့် စပ်လျဉ်း၍ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေး ခဲ့ပါသည်။