Forum of Entities Associated with ASEAN
- Thu, 4 May 2017
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအသင်းချုပ်တွင် ၄-၅-၂၀၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Forum of Entities Associated with ASEAN သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး တက်ရောက်ခဲ့ပါသည်။
Forum သို့ အရှေ့တောင်အာရှဒေသရှိ နိုင်ငံရေး၊တရားရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ Forum တက်ရောက်သော အသင်းအဖွဲ့များတွင် အချို့မှာ အာဆီယံ၏ အသိအမှတ် ပြုခြင်းခံရပြီးသော အဖွဲ့များပါဝင်သကဲ့သို့ Accreditation လျှောက်ထားဆဲ အသင်းအဖွဲ့များလည်း ပါဝင်ပါသည်။ အသင်းအဖွဲ့ (၅၆) ဖွဲ့မှ ကိုယ်စားလှယ် (၁၃၃)ဦး၊ အာဆီယံအတွင်းရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ် (၉)ဦး၊ CPR လုပ်ငန်းအဖွဲ့မှ (၁၄)ဦးနှင့် လေ့လာသူပုဂ္ဂိုလ် (၃)ဦး၊ စုစုပေါင်း (၁၅၉) ဦး တက်ရောက်ခဲ့ပါသည်။
Forum တက်ရောက်ခြင်းဖြင့် မိမိဒေသအတွင်းရှိ အသင်းအဖွဲ့များစွာနှင့်Forum ကာလတွင် တွေ့ဆုံပြီး မိတ်ဆက်နိုင်ခြင်းကြောင့် networking ကျယ်ပြန့်လာပါကြောင်း၊ အာဆီယံကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်တွင် platform တစ်ခုအဖြစ် အသုံးပြုနိုင်မည့် အခွင့်အလမ်းများ ရရှိပါကြောင်းနှင့် SEA-PAC ၏ ဆောင်ပုဒ်ဖြစ်သော" Together Against Corruption" ကို အာဆီယံအသင်းကြီးနှင့် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ပိုမိုနက်ရှိုင်းထိရောက်စွာ ကြိုးပမ်းနိုင်မည်ဖြစ်ပါသည်။