အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

  • Mon, 10 March 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ


ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များထံမှ သီလပေးတရားနာယူခြင်း

နေပြည်တော်၊ မတ် ၁၀ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကော်မရှင်ရုံးတွင် ကျင်းပခဲ့ရာ  နံနက် ၁၀:၃၀ နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ၁၃:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

        အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အမှာစကားပြောကြားရာ၌ (၁၁) နှစ်တာ ကာလအတွင်း ကော်မရှင်ရုံး၏ လုပ်ငန်းတာဝန်များကို ကျရာကဏ္ဍတွင် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင် ဖန်တီးဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းသက်သာချောင်ချိရေးနှင့် ဝန်ထမ်းများ၏ အခက်အခဲများကို အမြဲတမ်းစဉ်းစား ဖြေရှင်းပေးနေသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် အထက်အောက် ဆက်ဆံရေးကောင်းမွန်ပြီး မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုပါကြောင်း၊ ကော်မရှင်ဝန်ထမ်းများအနေဖြင့် ကြိုးကြိုးစားစားဖြင့် ညီညွတ်စွာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်၏ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

        ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူး က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုများ ချီးမြှင့်ခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အိမ်ရာ/ အဆောင်များအလိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှု၊ သီးပင်၊ စားပင်များ စုပေါင်းစိုက်ပျိုးမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့တွက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ရရှိခဲ့သည့် အိမ်ရာ၊ အဆောင်တာဝန်ခံများအား ဆုချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ဗလာမပါကံစမ်းမဲဖောက်ချီးမြှင့်ပေးခြင်းဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

(၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

သပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း


အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဖွင့်အမှာစကားပြောကြားခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အိမ်ရာ/အဆောင်များအလိုက် ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှု၊ သီးပင်စားပင် စိုက်ပျိုးမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် အိမ်ရာ/အဆောင်တာဝန်ခံများအား ဆုများချီးမြှင့်ခြင်း


ဝန်ထမ်းများအတွက် ကံစမ်းမဲပစ္စည်းများ မဲဖောက်ပေးခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အထူးဆုကြီးဖြစ်သည့် ဆိုင်ကယ်ဆုမဲပေါက်သည့် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)မှ ဒုတိယစုံစမ်းရေးမှူ ဦးမြင့်စိုး ကိုယ်စား စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး အား ဆုချီးမြှင့်ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ရေခဲသေတ္တာ ဆုမဲပေါက်သည့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးကျော်ပေါစိန်အား ဆုချီးမြှင့်ပေးအပ်ခြင်း

ဆက်စပ် သတင်းများ