အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ပူးပေါင်းပါဝင်လျက်ရှိ

  • Fri, 14 February 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာ သနပ်ခါးကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ပူးပေါင်းပါဝင်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၄ ရက်


  မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အမည်စာရင်းတင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြန်မာ့ သနပ်ခါးအထိမ်းအမှတ်လှုပ်ရှားမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တန်းစီကွင်း၌ ကော်မရှင်ရုံး ဝန်ထမ်းများမှလည်း သနပ်ခါးပါးကွက် လိမ်းခြယ်၍ ပူးပေါင်းပါဝင်ခဲ့ပါသည်။

တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားရာ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်မတိုင်မီ UNESCO သို့ တင်ပြနိုင်ရေး မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

မြန်မာ့ရိုးရာသနပ်ခါးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး

လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ









ဆက်စပ် သတင်းများ