အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Fri, 31 January 2025
အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး၊
ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း
နေပြည်တော်၊ ဇန်နဝါရီ ၃၁
၂၀၂၅ ခုနှစ်၊ ၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအားလုံး ကျန်းမာရေးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ အချို့လုပ်ငန်းများသည် အချိန်နှင့်တစ်ပြေးညီ ပြီးဆုံးအောင်ဆောင်ရွက်ကြရန်နှင့် ထိ ရောက်သည့် စီမံခန့်ခွဲမှုရှိရန် အရေးကြီးကြောင်း၊ သတင်းမီဒီယာများတွင်တင်နေသည့် သတင်းများကို စဉ်းစားချင့်ချိန်၍ အမှား၊ အမှန် ခွဲခြားသိမြင်ရန်လိုကြောင်း၊ လုံခြုံရေးအသိ၊ သတိရှိရန်လိုကြောင်း၊ မိမိတို့၏ အခက်အခဲတင်ပြစရာရှိသည်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် ဌာနဆိုင်ရာအဆင့်ဆင့် သတင်းပို့တင်ပြနိုင်ပါကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း မလိုအပ်သည့်နေရာ၊ အချိန်များတွင် မသုံးစွဲပဲစိစစ်ချွေတာသုံးစွဲရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များအား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ကော်မရှင်အတွင်းရေးမှူးက ဖေဖော်ဝါရီလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံပေးအပ်ခဲ့ပြီး ကော်မရှင်အတွင်းရေးမှူးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။