အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Fri, 3 January 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇန်နဝါရီလ ၃ ရက်
၂၀၂၅ ခုနှစ်၊ ၊ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အပြီးတိုင်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် သင်တန်များ ဖွင့်လှစ်ပေးရန် စီမံထားပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး Edutainment အစီအစဉ်များ၊ ဆရာ/ဆရာမများ နွေရာသီမွမ်းမံသင်တန်း၊ လူငယ်စကားဝိုင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (Youth Integrity Camp - YIC) တို့အား ကျင်းပနိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ Bank Association များတွင်လည်း Awareness ပြုလုပ်ပေးရန်အတွက်လည်း Request ပြုလုပ်ထားပါကြောင်း၊ AC day နေ့အခမ်းအနားအား နောက် (၄)နှစ်အချိန်အကြာတွင် နိုင်ငံတော်အဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ရရှိထားသည့် ဝန်ထမ်းအိမ်ရာအခန်းများတွင် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိရှိကြရန်လိုပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “ဒီကမ္ဘာလောကကြီးမှာ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်စေ၊ လူတစ်မျိုးဖြစ်စေ၊ ကောင်းစွာ ရှင်သန်ရပ်တည်နေနိုင်ဖို့ မိမိကိုယ်ကို ခုခံနိုင်စွမ်းနဲ့ မိမိတို့ရဲ့လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်နေကြရမှာဖြစ်ပါကြောင်း" ပြောကြားခဲ့ပါသည်။
ကော်မရှင် ဥက္ကဋ္ဌက ၊ ဇန်နဝါရီလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း
ကအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း