အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အသိပညာပေးဆွေးနွေးခြင်းအစီအစဉ်များ ဆောင်ရွက်
- Tue, 17 December 2024
နေပြည်တော်၊ ဒီဇင်ဘာလ (၁၇) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန၌ ဖွင့်လှစ်သည့် ဆရာအတတ်ပညာဦးစီးဌာန၊ ကသာ ပညာရေးဒီဂရီကောလိပ်တွင် သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ (၂၄၃) ဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူး က “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း” နှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း” အစီအစဉ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။
ဆရာအတတ်ပညာဦးစီးဌာန၊ ကသာပညာရေးဒီဂရီကောလိပ်တွင် သင်တန်းတက်ရောက်နေသော သင်တန်းသား/ သူများအား ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူးက အသိပညာပေးဆွေးနွေးခြင်း