အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ
- Fri, 6 December 2024
နေပြည်တော်၊ ဒီဇင်ဘာလ ၆ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံ ပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှ စတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ အ-ထ-က (၈) နှင့် အ-ထ-က (မြို့အနောက်-ခ) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၂၀) ဦးတို့ကို ကော်မရှင်ရုံးခွဲ (ရန်ကုန်)မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ကော်မရှင်ရုံးခွဲ
(ရန်ကုန်) မှ လ/ထ ဦးစီးမှူး က မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး
(Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်
ကော်မရှင်ရုံးခွဲ
(ရန်ကုန်) မှ ညွှန်ကြားရေးမှူး က အလယ်တန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး
(Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်
ကော်မရှင်ရုံးခွဲ
(ရန်ကုန်) မှ လ/ထ ဦးစီးမှူး က မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး
(Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်