အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ

  • Wed, 4 December 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ ၄ ရက်

           အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှ စတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၌ ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အ-ထ-က (ရမည်းသင်း) တွင် မူလတန်းအဆင့်နှင့် အလယ် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁၀) ဦးတို့ကို ကော်မရှင်ရုံး (နေပြည်တော်)မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပ ညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (နေပြည်တော်)မှ ဦးစီးအရာရှိ က မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ဆက်စပ် သတင်းများ