အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဂတိလိုက်စားမှု ကျုးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
- Wed, 27 November 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey -Head of the General Department of Criminal Court Proceedings ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
နေပြည်တော်၊ နိုဝင်ဘာ၂၇
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (၂၀၂၄-၂၀၂၆) ကို ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ၄-၉-၂၀၂၄ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းအစီအစဉ်အရ “အဂတိလိုက်စားမှု ကျုးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” နှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၇-၁၁-၂၀၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ရွှေနန်းတော်ဟိုတယ်၌ ကျင်းပခဲ့သည်။
ဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက Mr.BAZHUTOV Sergey - Head of the General Department of Criminal Court Proceedings ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရွှေနန်းတော်ဟိုတယ် Lake View ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ၀၉:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပြောကြားရာ၌ ယခုကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကော်မရှင်တို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် နိုင်ငံတကာအတွေ့အကြုံကောင်းများနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီ နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲများ ပူးပေါင်းကျင်းပနိုင်ခြင်း၊ အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် သန့် ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr. BAZHUTOV Sergey ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်များနှင့် ကော်မရှင်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey က အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်ပတွင်ရောက်ရှိနေသည့် အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတို့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးက အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ Focal Point များ ဖွဲ့စည်းခြင်းနှင့် အဖွဲ့ပေါင်းစုံပါဝင်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စင်္ကြန်များတွင် နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ Ms. SHIKHANOVA Anna - Senior Prosecutor က “International cooperation on detection of corruption crimes” နှင့်စပ်လျဉ်း၍လည်းကောင်း၊ Mr.GUDKOV Nikolay - Senior Prosecutor က "Improvement of methods of countering crimes committed with the use of information and communication technologies and in the sphere of computer information, using digital traces to detect persons who commit such deeds” နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ တို့မှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားကို (၁၆း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ညပိုင်းတွင် ရွှေနန်းတော်ဟိုတယ် Pool Side ခန်းမ၌ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey-Head of the General Department of Criminal Court Proceedings ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey -Head of the General Department of Criminal Court Proceedings က အမှာစကားပြောကြားခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပြည်ပတွင်ရောက်ရှိနေသည့် အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများပြန်လည်ရယူရေးတို့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများနှင့် စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း
အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Ms.Anna က ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Mr.GUDKOV က ရှင်းလင်းဆွေးနွေးခြင်း