အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ်၊ ဧကဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
- Tue, 12 November 2024
နေပြည်တော်၊ နိုဝင်ဘာလ ၁၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏၂၀၂၄ခုနှစ်၊ဧကဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၀:၀၀ အချိန်တွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွား ချီးမြှင့်တော်မူသော တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက သံဃာ တော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုးများရွာသွန်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
အခမ်းအနားတွင်ကော်မရှင်ဥက္ကဋ္ဌ၊
အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက ဆရာတော်များထံမှ
ငါးပါးသီလခံယူဆောက်တည်ခြင်း
အခမ်းအနားတွင်ကော်မရှင်ဥက္ကဋ္ဌ၊
အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက ဆရာတော်များထံမှ
ငါးပါးသီလခံယူတည်ဆောက်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ
ဦးစစ်အေး က ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အတွင်းရေးမှူး
ဦးတင်ဆွေဝင်းက ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း
ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင်များက
ဆရာတော်များထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း
ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင်များက
ဆရာတော်များထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း
ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက လှူဒါန်းမှုအစုစုအတွက်
ရေစက်ချအနုမောဓနာတရားနာယူခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက
ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခြင်း
ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့အား ဆက်ကပ်လှူဒါန်းခြင်း
ဆရာတော်၊
သံဃာတော်များနှင့် လှူဖွယ်ပစ္စည်းများအား ကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခြင်း
ဆရာတော်၊ သံဃာတော်များနှင့် လှူဖွယ်ပစ္စည်းများအား ကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခြင်း