The Regional Conference on Fast-tracking Implementation of UNCAC (Technical Workshop) နှင့် (Main Conference)
- Thu, 2 February 2017
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့့် The High-Level Regional Conference on Fast-tracking Implementation of UNCAC (Main Conferecne) သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး နှင့် ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် The Regional Conference on Fast-tracking Implementation of UNCAC (Technical Workshop) နှင့် (Main Conferecne) သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးစိန်တင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင် နှင့် ဦးစီးအရာရှိ ဒေါ်မွန်မွန်အောင် တို့တက်ရောက်ခဲ့ပါသည်။
ဒေသဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အရှေ့တောင်အာရှဒေသတွင်းရှိ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် တီမောလက်စ်တီနိုင်ငံမှ ကိုယ်စားလှယ်များ၊ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
ဒေသဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ခြင်းအားဖြင့် မိမိတို့အဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်လျှက် ရှိသော ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု နှင့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြနိုင်သည့်အပြင် ဒေသတွင်း အခြားအဖွဲ့အစည်းများ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို လေ့လာသင်ယူနိုင်ခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှုအခြေအနေများကို သိရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်နှင့် ဆက်စပ်လျှက်ရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုတင်ပို့ရေး၊ ငွေကြေးခဝါချမှု၊ ခိုးယူပစ္စည်းပြန်လည်ရရှိမှုနှင့် ပိုင်ဆိုင်မှုကြေညာရေး၊ အစိုးရပစ္စည်းဝယ်ယူမှုနှင့် စာရင်းစစ်ဆေးခြင်း စသည့်ဘာသာရပ်များအပေါ် ခြုံငုံပြီးဆွေးနွေး အမြင်ခြင်း ဖလှယ်နိုင်ခဲ့ပါသည်။