အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ

  • Mon, 21 October 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၁

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ နံ နက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စုံစမ်းစစ်ဆေးခြင်း၊ အမှုစစ်ဆေးခြင်း၊ တရားစွဲဆိုတင်ပို့ခြင်းတို့ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို သိရှိစေရန်၊ လက်တွေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက် အခဲမရှိကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရန်၊  အမှုကိစ္စများဆောင်ရွက်ရာတွင်ကော်မရှင်၏ကျင့်ဝတ်နှင့်အညီ တိကျမှန်ကန်ပြီးဘက်လိုက်မှုကင်းစွာ ဆောင်ရွက်တတ်ကြစေရန် ရည်ရွယ်ဖွင့်လှစ်ခြငဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအနေဖြင့် တိုင်ကြားစာနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပုံအဆင့်ဆင့်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ကြိုတင်ထောက်လှမ်းစုံစမ်းခြင်း၊ သတင်းစုဆောင်းအတည်ပြုခြင်း၊ နေ့စဉ်မှတ်တမ်းရေးသားခြင်း၊ ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်ရီမန်ရယူခြင်း၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းခြင်း၊ ပျောက်ဆုံးပျက်စီးမှု မရှိစေရန် စီမံခန့်ခွဲခြင်း၊ သက်သေများ ချိန်းဆိုစစ်ဆေးခြင်း၊ ကျွမ်းကျင်သူ ထင်မြင်ချက်ရယူခြင်း၊ တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးသက်သေခံခြင်းစသည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဘာသာရပ်များအပြင် ပြင်ပနည်းပြများမှ လာရောက်ပို့ချပေးမည့် ငွေကြေးခဝါချမှု၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားရုံးတွင် သက်သေခံခြင်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချ ပေးမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခွင့်ရသူများအနေဖြင့် အထူးအလေးထား သင်ယူကြရန်မှာကြားလိုကြောင်း၊ သင်ကြားပေးခဲ့သည့် သင်ခန်းစာများအပြင် လက်တွေ့လုပ်ငန်းခွင်၌ဆောင်ရွက်နေကြသည့် ဌာနအကြီးအကဲများနှင့် လုပ်ငန်းအတွေ့အကြုံရှိသူများထံမှ စဉ်ဆက်မပြတ်သင်ယူလေ့လာကာ မိမိတို့၏ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးစားလေ့လာကြရန်နှင့်  လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းကို အောက်တိုဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။



သင်တန်းဖွင့်ပွဲတွင် ကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊

ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း



သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ