အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

  • Tue, 1 October 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း




နေပြည်တော်၊ ၊ အောက်တိုဘာ ၁ 

    ၂၀၂၄ ခုနှစ်၊ ၊ အောက်တိုဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများအား တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ပေးလျက်ရှိပြီး ကော်မရှင်အနေဖြင့်လည်း ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ လစဉ်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်ဝန်ထမ်း တွေ့ဆုံပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီ အနေဖြင့်လည်း တာဝန်ကိုသိပြီး တာဝန်ကျေပွန်ရန် လိုအပ်ကြောင်း၊ မိမိတို့ တာဝန် ထမ်းဆောင်နေသည့် လက်ရှိရာထူး၏ အထက်နှစ်ဆင့်၊ အောက်နှစ်ဆင့်အထိ တာဝန်ခံ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် ထိရောက်မှု ရှိစေလိုကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေဘာသာရပ်ကို နှံ့စပ်စွာသိရန် လိုအပ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကို တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

    ကော်မရှင်ဉက္ကဋ္ဌက ၊ အေက်တိုဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ