အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Thu, 26 September 2024

ထားဝယ်၊ စက်တင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများတွင်နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ Sပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေနွေးပွဲကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များစုစုပေါင်း (၃၀၀) ဦး ခန့်တက်ရောက်သည်။

ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေနွေးခြင်းသည် အဂတိ လိုက်စားမှု၏ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီးအဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများ ကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ / တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက် ပေးပါကဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ပုံရိပ် ကောင်းမွန်လာမှာ ဖြစ်ကြောင်း၊  အဂတိကင်းရှင်းသောနိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကိုနိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာများတွင် မှန်ကန်စွာ ခွဲဝေသုံးစွဲလာနိုင်မှာဖြစ်သည့်အတွက် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝတွေ လည်း တိုးမြင့်လာမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ လာရောက်ကျင်းပပေးသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ၌ အဂတိလိုက်စားမှုများကို အသေးစားအဂတိလိုက်စားမှု၊ ကြီးမားသော အဂတိ လိုက်စားမှုနှင့် နိုင်ငံရေးအဂတိလိုက်စားမှုဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့်အဂတိလိုက်စားမှု ပုံစံမျိုးမဆိုအပ်နှင်းထားသည့် လုပ်ပိုင်ခွင့် ကိုအသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ) သည်လည်း အဂတိတရားကိုဖြစ်ပွားစေသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့် စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှု မရှိသည့် အသုံးပြုမှုများဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ချမှတ်ထားသည့်မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုး အတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရသည့် အတွက်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမျိုးသက်ပိုင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးကျော်ဝင်းသိန်း ဦးဆောင်၍ တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊သုံးသပ်တင်ပြချက်များ၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတိုးမြှင့်ရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ