The Fifth Plenary Meeting of the Global Operational Network of Anti- Corruption Law Enforcement Authorities (GlobE Network) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်

  • Tue, 24 September 2024

The Fifth Plenary Meeting of the Global Operational Network of  Anti- Corruption Law Enforcement Authorities (GlobE Network) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က Online မှ ပါဝင်တက်ရောက်ခြင်း


နေပြည်တော်၊ စက်တင်ဘာလ ၂၄ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် The Fifth Plenary Meeting of the Global Operational Network of Anti- Corruption Law Enforcement Authorities (GlobE Network) သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်နှင့်  ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းတို့သည် ယနေ့ နံနက်ပိုင်းတွင် Online မှတစ်ဆင့် တက်ရောက်ခဲ့ပါသည်။

        အခမ်းအနားဖွင့်ပွဲတွင် ကုလသမဂ္ဂမူယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC)၊ Trading Affairs ဌာနခွဲမှ ညွှန်ကြားရေးမှူး John Brandolino နှင့် အမှုဆောင်ညွှန်ကြားရေးမှူး Ghada Waly တို့က မိတ်ဆက်စကားပြောကြားခဲ့ပြီး စပိန်နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် “Together Against Cross-Broder Corruption” ခေါင်းစဉ်ဖြင့် Video Clip ပြသခဲ့ပါသည်။ အစီအစဉ်အရ အဂတိလိုက်စားမှုများ အပေါ် တစ်ကမ္ဘာလုံးဆိုင်ရာ ထင်မြင်ယူဆချက်များနှင့်စပ်လျဉ်း၍ “Global Vision” ခေါင်းစဉ်ဖြင့် High-Level Forum အား တရုတ်နိုင်ငံအမျိုးသားကြီးကြပ်ရေးကော်မရှင်မှ Chen Long က moderator အဖြစ်လည်းကောင်း၊ GlobE Network ၏ ဦးဆောင်ကော်မတီဥက္ကဋ္ဌ Javier Sanchez-Vicente Martin က moderator အဖြစ် ဆောင်ရွက်၍ တက်ရောက်လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြပါသည်။

        ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင် ခိုင်မာရေးနှင့်စပ်လျဉ်း၍ UNODC မှ ညွှန်ကြားရေးမှူး John Brandolino က moderator အဖြစ်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး ခေါင်းစဉ်ဖြင့် GlobE Network ၏ ဦးဆောင်ကော်မတီဥက္ကဋ္ဌ Daniel Vazquez Llorens က moderator အဖြစ်လည်းကောင်း ဆောင်ရွက်၍ Forum တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြပါသည်။

        အဆိုပါအစည်းအဝေးကို ၂၄-၉-၂၀၂၄ ရက်နေ့မှ ၂၇-၉-၂၀၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်

ညွှန်ကြားရေးမှူးများက Online မှ ပါဝင်တက်ရောက်ခြင်း


အစည်းအဝေးသို့ GlobE Network အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ