အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုး၊ စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပါဝင်ဆွေးနွေး

  • Tue, 10 September 2024

နေပြည်တော်၊ ၊  စက်တင်ဘာ ၁၀ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov ထံမှ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ( 9th  Eastern Economic Forum –  EEF ) သို့ တက်ရောက်ခဲ့ပါသည်။ စက်တင်ဘာ ၄ ရက်တွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အား ဖိုရမ်၏ ဆက်စပ်အစီအစဉ်အဖြစ် လက်မှတ်ရေးထိုးခဲ့ရာ နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာအရင်းအမြစ်များ ဖလှယ်နိုင်ခြင်း နိုင်ငံတကာအလေ့အထကောင်းများ သိရှိလေ့လာကျင့်သုံးနိုင်ခြင်းနှင့် ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင် ကြားပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုများကို ရရှိလာစေနိုင်မည်ဖြစ်ပါသည်။

    ယင်းနောက် စက်တင်ဘာ ၅ ရက်တွင် စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏အခွင့်အရေးများကို အကာအကွယ်ပေးရန်ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက  အဂတိလိုက် စားမှုသည် မျှတစွာယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းပြဿနာကိုဖြေရှင်းရန် စွန့်ဉီးတီထွင်သူများနှင့်ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝ အကာအကွယ်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်လျက်ရှိပါကြောင်း အဂတိလိုက်စားမှုကျူးလွန်သူများကို ဉပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာတွင် ကဏ္ဍအားလုံးပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr.Igor Krasnov တို့က

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်လက်မှတ်ရေးထိုးခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov တို့က

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အပြန်အလှန်ပေးအပ်ခြင်း

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov က ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင်

ကျင်းပသည့် နဝမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(9th Eastern Economic Forum- 9th EEF 2024)

သို့ တက်ရောက်ပြီး Panelist အဖြစ် ပါဝင်ဆွေးနွေးခြင်း 

ဆက်စပ် သတင်းများ