အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

  • Fri, 6 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၆

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၂) ဦး တက်ရောက်ခဲ့ကြသည်။ 

    သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အမှာစကားပြောကြားရာတွင် သင်တန်း၌ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘာသာရပ်တွေကို အဓိကထား ပို့ချထားသည့်အတွက် မိမိတို့လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ၊ စည်းမျဉ်းစည်းကမ်း ၊ အမိန့်နှင့်ညွှန်ကြားချက်များအပြင် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းကဏ္ဍ၏ လုပ်ငန်းစဉ်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ဖို့ လိုအပ်ပါကြောင်း၊ ဆွေးနွေးပို့ချပေးခဲ့သည့် ဘာသာရပ်များဟာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချဆောင်ရွက်သည့်အခါ များစွာအထောက်အကူဖြစ်ပြီး ကော်မရှင်ကိုယ်စား တာဝန်ယူထမ်းဆောင်ပေးမည့် စုံစမ်းရေးမှူးကောင်းများဖြစ်ဖို့ ဆက်လက်လေ့လာဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းကပို့ချခဲ့သည့် သင်ခန်းစာတွေကို လေ့လာသင်ယူပြီး စုံစမ်းစစ်ဆေးခြင်းနှင့်တရားစွဲလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးကြီးသည့်သက်သေများ၊ စွပ်စွဲခံရသူနှင့်ပတ်သက်ပြီး တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်သည့်နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်လေ့လာထားရမည့် အချက်အလက်များကိုတတ်သိလာနိုင်ခြင်းအပြင် အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့် သက်သေအထောက်အထား များရှာဖွေရာတွင် စနစ်တကျ စုဆောင်းလာနိုင်ခြင်းနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊

    သင်တန်းကပို့ချလိုက်သည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြုံများ ပေါင်းစပ်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချစေလိုကြောင်း၊ မိမိအဖွဲ့အစည်းတွင် အားကိုး ၊ အားထားပြုရသည့် ဝန်ထမ်းကောင်းများ ဖြစ်စေလိုကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းပြီး တည်ဆဲဥပဒေ၊ ဆက်စပ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျဖြစ်စေရေး အထူးမှာကြားလိုကြောင်းတိုက်တွန်း ပြောကြားခဲ့ပါသည်။ 

    ၎င်းနောက် ကော်မရှင်အတွင်းရေးမှူးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိခဲ့ကြသည့် သင်တန်းသား(၃)ဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၂) ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ 

ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊

သင်တန်းသူများတက်ရောက်ခြင်း



ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ပထမဆုရရှိသည့် သင်တန်းသားတစ်ဦးအား  ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား  ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က တတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား  ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သင်တန်းဆင်းလက်မှတ်များကို

သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ