အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆရာဒကာကျောင်းဖြစ်သည့် သပြေအေးမိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်သို့ သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကုသိုလ်ပြုဆောင်ရွက်၊ အလှူငွေများပေးအပ်လှူဒါန်း

  • Fri, 9 August 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆရာဒကာကျောင်းဖြစ်သည့် သပြေအေးမိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်သို့ သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကုသိုလ်ပြုဆောင်ရွက်၊ အလှူငွေများပေးအပ်လှူဒါန်း


နေပြည်တော်၊ ဩဂုတ် ၉ ရက်

ကော်မရှင်အနေဖြင့် ဆရာဒကာကျောင်းဖြစ်သည့် သပြေအေး၊ မိုးကုတ်ဓမ္မရိပ်သာ ကျောင်းတိုက်၊ နေပြည်တော်ရှိ ဝါတွင်းကာလ သီတင်းသီလဆောက်တည်ကြသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များစိတ်ချမ်းမြေ့စွာ တရားဘာဝနာပွားများနိုင်စေရန် အပတ်စဉ် ကုသိုလ်ပြုဆောင်ရွက်လျက်ရှိသည်။


ထိုသို့ကော်မရှင်ရုံးဝန်ထမ်းများက ၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၅၀၀ နာရီအချိန်တွင် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများ၏ ထည့်ဝင်လှူဒါန်းငွေ ၇၀၀၀၀ဝိ/- ကျပ်တိတိအား ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ ထံသို့ ကော်မရှင်ရုံးမှ ထည့်ဝင်လှူဒါန်းငွေ ၇၀၀၀၀ဝိ/- ကျပ်တိတိအား ဆက်ကပ်လှူဒါန်းခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းဝင်းအတွင်း သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကုသိုလ်ပြုပါဝင်ဆောင်ရွက်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းဝင်းအတွင်း ကော်မရှင်ရုံးဝန်ထမ်းများ သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကုသိုလ်ပြုဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခြင်း


သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းဝင်းအတွင်း ရေညှိများ ဖယ်ရှားပြီး ထုံးပက်ဖြန်းခြင်း


 သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းဝင်းအတွင်း ကော်မရှင်ရုံးဝန်ထမ်းများမှ သန့်ရှင်းရေးနှင့် ဝေယျာဝစ္စကုသိုလ်ပြုဆောင်ရွက်ခြင်း

ဆက်စပ် သတင်းများ