ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

  • Thu, 8 August 2024

နေပြည်တော်၊ ဩဂုတ် ၈ ရက်

        နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်၊ အလှူရှင်ပြည်သူများ၊ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေးစားဂုဏ်ပြုသောအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာ အပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော်ဖီမစ်၊ မုန့်၊ ခေါက်ဆွဲခြောက်၊ Royal D၊ လက်ဖက်၊ ပဲခြမ်းကြော်၊ ပုန်းရည်ကြီး၊ ငါးသေတ္တာနှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ထားသည့် ငါးခြောက်ကြော်၊ ပုဇွန်ခြောက်ကြော်၊ အသားတုကြော်၊ စသည့် ပစ္စည်းအမျိုးအစား (၁၁) မျိုး စုစုပေါင်းငွေကျပ် ၄,၇၆၁,၀၀၀ တန်ဖိုးခန့်အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စားသောက်ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းထံ ပေးအပ်ခြင်း


နေပြည်တော်တိုင်းစစ်ဌာနချုပ်၊တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းက စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို  ကော်မရှင်ဥက္ကဋ္ဌ အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ကြည့်ရှုအားပေးခြင်း


ကော်မရှင်ရုံးဝန်ထမ်းများက စားသောက်ဖွယ်ရာများကို စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စားသောက်ဖွယ်ရာများ ချက်ပြုတ်နေမှုအား ကြည့်ရှုအားပေးခြင်း

ဆက်စပ် သတင်းများ