အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.William Brownfield နှင့် အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးခြင်း

  • Fri, 18 November 2016

        အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း၊ အတွင်းရေးမှူး ဦးတင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦးကျော်ကျော်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးသင်းမောင် ဦးဆောင်သောအဖွဲ့သည် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.William Brownfield ခေါင်းဆောင်သောအဖွဲ့အား ၁၈-၁၁-၂၀၁၆ ရက်နေ့ ၁၁:၃၅နာရီမှ ၁၂:၃၅ နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးမှု၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်း များအား ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် Mr. William Brownfield က အမေရိကန်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို မြန်မာအစိုးရနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သောသင်တန်းများ၊ ပစ္စည်းများနှင့် အခြားအကူအညီများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရာ၌လည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ