အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ

  • Tue, 23 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)မှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမင်းသန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၂၃၆) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကိုလုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့်အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာတိုက်ဖျက်သွားနိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)မှ ကျောင်း အုပ်ကြီး ဒေါက်တာမျိုးမင်းသန့်က ကျေးဇူးတင်စကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က ကော်မရှင်အမှတ်တံဆိပ်ပါပစ္စည်းများကို ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမင်းသန့်အား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။


အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)မှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးမင်းသန့်က ကျေးဇူးတင်စကားပြောကြားခြင်း


အစိုးရ စက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)တွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများ က “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”
လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ