အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၄ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

  • Thu, 18 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၄ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၈

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ပြီး တက်ရောက်ကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ 

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သပြေအေးမိုးကုတ် ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

      ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က ဆရာတော်အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး က ဆရာတော်အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ဆရာတော်အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းခြင်း


သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍
ရေစက်သွန်းလောင်း အမျှပေးဝေခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခြင်း


ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

ဆက်စပ် သတင်းများ