အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၂၀) ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း

  • Fri, 12 July 2024

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၂၀) ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၁၂   ရက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့ရှိ Angthong Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ (၂၀) ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crimes-UNODC) နှင့် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (The State Inspection Authority of  Lao PDR – SIA) တို့ပူးပေါင်း၍ ကျင်းပသည့် “Strengthening Capacity on Investigation and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံ ဆွေးနွေးပွဲတို့သို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးအဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU) မှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ASEAN-PAC ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေး မှတ်တမ်းအား အတည်ပြုခြင်း၊ လာအိုနိုင်ငံ SIA ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ တက်ရောက်ခဲ့သည့် အစည်းအဝေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet တရားဝင်ဖြန့်ဝေနိုင်ရေးကိစ္စရပ်အပေါ် ဆွေးနွေးခြင်း၊ ASEAN-PAC ၏ ၂၀၂၃-၂၀၂၅ Action Plan အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲအတွက်  ကြိုတင်ပြင်ဆင်ရမည့် အချက်များအား ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (The Corruption Eradication Commission of Indonesia-KPK) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၀) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ဆွေးနွေးခြင်း၊ ASEAN-PAC Contact List နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Focal Point သတ်မှတ် ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အစည်းအဝေးအစီအစဉ်ပါ အကြောင်းအရာများကို ပါဝင်ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင်ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အဖွဲ့ဝင်နိုင်ငံအချို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဇူလိုင်လ ၁၁ ရက်နေ့တွင် အဆိုပါ ဟိုတယ်၌ UNODC ကကြီးမှူး ကျင်းပ သည့် “Strengthening Capacity on Investigation and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆက်လက်ပူးပေါင်း ပါဝင်တက်ရောက်ခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (State Inspection Authority_SIA)  မှ ကိုယ်စားလှယ်များ၊ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၂) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ပါသည်။


လာအိုနိုင်ငံ၊ လွမ်ပရာဘမ်မြို့တွင်ကျင်းပသည့် ASEAN-PAC ၏ (၂၀) ကြိမ်မြောက်ရုံးအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှု
တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး က ဆွေးနွေးခြင်း

ဆက်စပ် သတင်းများ