အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တို့ ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ

  • Tue, 2 July 2024

မိတ္ထီလာ ၊ ဇူလိုင်လ ၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၃၄၀) ဦး တက်ရောက်ခဲ့ကြသည်။

    အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် တက်ကြွမှုများကိုပါ နှောင့်နှေးသွားစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များပါဝင်ရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် ပထမဦးစွာ ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာ တည်ဆောက်ရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ကြောင်း၊ လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သည့် အတွေးအမြင်များ ရရှိလိုက်နာ ကျင့်သုံးကြရန် လိုအပ်ကြောင်း၊ ယခု အခမ်းအနားမှ ရရှိသည့်အတွေးအခေါ် အယူအဆများကို မိမိတို့ကောလိပ်၊ မိမိတို့ပတ်ဝန်းကျင်များတွင် ထပ်ဆင့်မျှဝေပေးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ 

   ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း က အဖွင့်အမှာစကားပြောကြားခြင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု”လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ