အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကျင်းပ

  • Tue, 2 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂  

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူ များအနေဖြင့် မိမိတို့အနာဂတ် ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ဆက်လက်ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် အမျိုးသားရေးမျှော်မှန်းချက်ကို ချမှတ်၍ ခေတ်နှင့်လျော်ညီသည့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအဖြစ် စီမံကိန်းများ စနစ်တကျ ချမှတ်အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပြည့်စုံသည့် လူငယ်များသည် နိုင်ငံ၏အနာဂတ် အင်အားများဖြစ်ပါကြောင်း၊ ဗလငါးတန်အနက် စာရိတ္တဗလပြည့်စုံပါက နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စာရိတ္တဗလဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှုသည် နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ခေတ်မီပညာရပ်များကို လေ့လာ၍ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရန် လိုအပ်သည့်အပြင် မိမိဘဝတိုးတက်မြင့်မားစေရန် ဘက်စုံပံ့ပိုးပေးကြသည့် မိဘများ၏ ကျေးဇူးတရားကို မမေ့လျော့စေရန်၊ မိမိနိုင်ငံကို ချစ်ခင်လေးစားစိတ်ထားရှိကြရန်၊ မိမိကြောင့်မိမိနိုင်ငံဂုဏ်ယူရလောက်သည်အထိ ကြိုးစားကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

    ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား ၁ ဦး နှင့် ၂ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ကျောင်းသား ၂ ဦးအား ဆုချီးမြှင့်ခြင်း၊ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ၁ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူ ၁ ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူ ၄ ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ကော်မရှင်ရုံးဝန်ထမ်းများ၏ သားသမီးများအနက်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးအား ဌာနတာဝန်ခံများသို့ ပေးအပ်ခဲ့ပါသည်။


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား တစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲတွင် ၂ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား တစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း


အခမ်းအနားတွင် ကော်မရှင် အတွင်းရေးမှူး က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲတွင် ၁ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ တစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း


အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က ကော်မရှင်ရုံးဝန်ထမ်းများ၏ သားသမီးများအနက်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်တို့၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ကြေးအား ဌာနတာဝန်ခံများသို့ ပေးအပ်ခြင်း


၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာပေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း


မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ