အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

  • Tue, 4 June 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ


                                                                                                                                                                                                                                                       နေပြည်တော်၊ ဇွန်လ ၄ 


    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အကြီးအကဲမှ ဝန်ထမ်းများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် အင်ပြည့်အားပြည့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တစ်ဦးချင်းအရည်အသွေး မြင့်မားအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် လူငယ်များကို ဦးတည်၍ ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ များစွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အများပြည်သူကဏ္ဍအနေဖြင့်လည်း ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ဌာနများတွင် ယင်းတို့၏ ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်း၍ အများပြည်သူ၏ တုံ့ပြန်မှုရယူခြင်း  Public Feedback Program PFP ကို ဆောင်ရွက်လျက်ရှိရာ ယင်းဌာနများအတွက် လိုအပ်သည့်နည်းပညာများ ပို့ချ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများအနေဖြင့် တုံ့ပြန်ဖြေကြားရာ၌ SMS ပြန်လည်ပေးပို့ရသည့် အတွက် ကုန်ကျစရိတ်သက်သာစေရန် ကော်မရှင်မှ သက်ဆိုင်ရာ Operator များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးကဏ္ဍအနေဖြင့်လည်း အမှုကိစ္စများကို ကိုင်တွယ်စိစစ်ရာတွင် သတ်မှတ်ချိန် အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေနှင့်အညီ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ ဌာန၏တာဝန်ရှိ အကြီးအကဲအနေဖြင့် မိမိလက်အောက်ရှိ ဝန်ထမ်းများအပေါ် Cooperate Social Responsibility ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

    ကော်မရှင်ဥက္ကဋ္ဌက ဇွန်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။





ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန်

ဦးထိန်လင်းအား ပေးအပ်ခြင်း





ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက်ထောက်ပံ့ပစ္စည်းများကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုးအား ပေးအပ်ခြင်း




ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်အား ပေးအပ်ခြင်း




ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းအား ပေးအပ်ခြင်း



အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ