အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၁၇)ဖွင့်လှစ်ခြင်း

  • Mon, 30 January 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၁၇)သင်တန်းဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်၊ ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ၃၀-၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပါသည်။

အဆိုပါသင်တန်းတွင် ဥပဒေဘာသာရပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေနှင့် နည်းဥပဒေဘာသာရပ်၊မြန်မာနိုင်ငံရဲလုပ်ငန်းဘာသာရပ်နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည် ြဖစ်ပါသည်။

သင်တန်းသို့ ကော်မရှင်ရုံးမှ အရာထမ်း/ အမှုထမ်း(၁၆)ဦးတို့ တက်ရောက်ကြြပီးသင်တန်း ကာလမှာ (၃၀.၁.၂၀၁၇)ရက်မှ (၂၄.၃.၂၀၁၇) ရက်ထိ ရက်သတ္တ(၈)ပတ်ကြာ စာတွေ့ ၊လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ