အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Mon, 4 March 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ မတ်လ ၄ ရက်

    ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မိမိဆောင်ရွက်သည့်လုပ်ငန်းများ ပြီးပြည့်စုံမှု ရှိ/မရှိ ပြန်လည်ဆန်းစစ်ခြင်း၊ လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ပေါက်ကြားမှုမရှိစေရေးစနစ်တကျလိုက်နာ စောင့်ထိန်းကာအပြန်အလှန် စစ်ဆေးခြင်းတို့ ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အသွေးမြင့်မားနေစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုကြောင်း၊ အသိပညာပေးဆောင်ရွက်မည့် ဝန်ထမ်းများသည်လည်း မိမိကိုယ်ကိုယုံကြည်မှု ရှိစွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးကိစ္စများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မည်သည့်နေရာ၊ မည်သည့်အဆင့်တွင်ဖြစ်စေ နိုင်ငံ့တာဝန်ကျေပွန်စွာ အောင်မြင်စွာဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ ကော်မရှင်ဉက္ကဋ္ဌက မတ်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ်

ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ