အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

  • Fri, 23 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  မြန်မာ့ရိုးရာထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၃ ရက်

  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာရိုးရာထုံးတမ်းစဉ်လာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများအား အရာထမ်း၊ အမှုထမ်းများပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တပို့တွဲလ ထမနဲထိုးပွဲကာလတွင် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာန(၃)ခုအောက်ရှိ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်ရှိစေရန်၊  အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အချင်းချင်းချစ်ကြည်ရင်းနှီးစွာနှင့် ပျော်ရွှင်မှု ရှိစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများ စုပေါင်းထမနဲထိုးပွဲကို ရုံးအမှတ် (၅၆)၊ ယာဉ်ရပ်နားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

    ထမနဲထိုးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနအသီးသီးမှ အရာထမ်းများနှင့်အမှုထမ်းများသည် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ထမနဲထိုးပွဲကို တပျော်တပါး ကြည့်ရှုအားပေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များက 

မြန်မာ့ရိုးရာထမနဲထိုးပွဲ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးစဉ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးအဖွဲ့က မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်

ဆက်စပ် သတင်းများ