Resumed Seventh Session of the Implementation Review Group

  • Mon, 14 November 2016

        ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Resumed Seventh Session of the Implementation Review Group အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ဗီယင်နာ) မှ သံအမတ်ကြီး ဦးစံလွင်၊ သံမှူးကြီး ဦးကျော်ညွန့်ဦး တို့မှ တက်ရောက်ခဲ့ပါသည်။

        အဆိုပါအစည်းအဝေးသို့ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပုဂ္ဂလိက ကဏ္ဍမှ ပုဂ္ဂိုလ်များ နှင့် ဗီယင်နာမြို့ရှိ သံရုံးများမှ သံအမတ်ကြီးများအပါအဝင် ကိုယ်စားလှယ် (၄၂၉) ဦးကျော် တက်ရောက် ခဲ့ပါသည်။

        အစည်းအဝေးကို အောက်ပါအစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်-

(က) အစည်းအဝေးဖွင့်လှစ်ခြင်းနှင့် အစည်းအဝေးအစီအစဉ်ကို အတည်ပြုခြင်းအပါအဝင် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများ

(ခ) UNCAC ကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းသုံးသပ်မှု

(ဂ) UNCAC ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်ခြင်း သုံးသပ်မှု ယန္တရား၏ လက်တွေ့လုပ်ဆောင်ချက်

(ဃ) ကျွမ်းကျင်မှုဆိုင်ရာ အကူအညီကိစ္စများ

(င) ဘဏ္ဍာရေးနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စများ

(စ) အခြားကိစ္စရပ်များ

(ဆ) Resumed Seventh Session of the Implementation Review Group အစည်းအဝေး၏ အစီရင်ခံစာအတည်ပြုခြင်းတို့ ဖြစ်ပါသည်။

    အစည်းအဝေးတွင် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ခြင်း သုံးသပ်မှုပထမစက်ဝန်းနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများသည် မိမိနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ အခက်အခဲနှင့် အောင်မြင်မှုများကို တင်ပြခြင်းဖြစ်ရာ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ရသည့်အတွက်အစည်းအဝေးမှ အတွေ့အကြုံသည် မိမိတို့နိုင်ငံ က ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ဒုတိယစက်ဝန်းသုံးသပ်မှု လုပ်ငန်းစဉ်အတွက် အထောက်အကူ ဖြစ်စေပါသည်။ ထို့ပြင်၂၀၁၆-၂၀၁၇ ခုနှစ် စတင်ဆောင်ရွက်မည့် သုံးသပ်မှု ဒုတိယစက်ဝန်းအတွက် ကွန်ဗင်းရှင်း အခန်း(၂) နှင့် အခန်း(၅) တို့နှင့် ပတ်သက်၍ နည်းပညာအကူအညီရရှိရေး၊ အတွေ့အကြုံ မျှဝေရေး စသည်တို့ကိုလည်း အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းခဲ့ခြင်း အကျိုးကျေးဇူးများလည်း ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ