အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

  • Tue, 12 December 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ


                                                                                                                                                                                        နေပြည်တော်၊ ဒီဇင်ဘာ ၁၂

        ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

        ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၉-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ ဝန်ထမ်းများ၏ စုပေါင်းအင်အားကြောင့် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်အလိုက် မိမိထမ်းဆောင်ရမည့်တာဝန်ကိုသိရန်၊ ကျေပွန်ရန်နှင့် စေတနာအပြည့်ဖြင့် ထမ်းဆောင်ရန်လိုကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ ခံယူချက်၊ စွမ်းဆောင်ရည်မြင့်မားရန် လိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်က အဂတိကင်းရှင်းရန်လိုကြောင်း ပြောကြားခဲ့သည်။

        ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဒီဇင်ဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ရုံးအဖွဲ့မှူး ဦးကျော်စိုး အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ်  ဦးလွင်အောင် အား ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ  အမှုထမ်းဝန်ထမ်းများအတွက်  ထောက်ပံ့ပစ္စည်းများကို  ညွှန်ကြားရေးမှူးချုပ်    ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း


အခမ်းအနားတွင်  ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ