အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ
- Fri, 8 December 2023
နေပြည်တော်၊ ဒီဇင်ဘာလ ၈ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၂၆) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦးတို့ကို ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့်ပညာပေး (Edutainment) အစီအစဉ်ပါအကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။