အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

  • Fri, 3 November 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၃ ရက်

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ လစဉ်ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်းဖြင့် ကော်မရှင်ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ အခက်အခဲကို တင်ပြနိုင်စေရန်ရည်ရွယ်ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရန်ပုံငွေထည့်ဝင်မှုများဖြင့် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ ဝန်ထမ်းများအား လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်များကို မမေ့မလျော့ အမှားအယွင်းနည်းစွာဖြင့် ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ကြောင်း၊ လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ပေါက်ကြားမှုမရှိစေရေးစနစ်တကျလိုက်နာ စောင့်ထိန်းရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်  “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသောဆောင်ပုဒ်နှင့်အညီ ကောင်းမွန်စွာနေထိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက နိုဝင်ဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ရုံးအဖွဲ့မှူး ဦးကျော်စိုး အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ