အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ
- Wed, 27 September 2023
နေပြည်တော်၊ စက်တင်ဘာလ (၂၇ ) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြားခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် တောင်ကြီးမြို့၊ အမှတ်(၂)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူတို့ကို ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းနှစ်ဦးက ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာနှင့်ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၄၈) ဦး တက်ရောက်ခဲ့ကြပါသည်။
ကော်မရှင်ရုံးခွဲ
(တောင်ကြီး) မှ ဒုတိယစုံစမ်းရေးမှူးက မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး
(Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်