မလေးရှားနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်းအတွက် အစိုးရကျွမ်းကျင် ပညာရှင်များအား လေ့ကျင့်ရေးနှင့် ဆွေးနွေးပွဲအစီအစဉ်

  • Mon, 10 October 2016

မလေးရှားနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်းအတွက် အစိုးရကျွမ်းကျင် ပညာရှင်များအား လေ့ကျင့်ရေးနှင့် ဆွေးနွေးပွဲအစီအစဉ်


မလေးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption - UNCAC)  အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယစက်ဝန်းအတွက် အစိုးရကျွမ်းကျင်ပညာရှင်များအား လေ့ကျင့်ရေးနှင့်ဆွေးနွေးပွဲ အစီအစဉ်သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ၊ ရဲမှူးကြီးကျော်ဝင်းသိန်းတို့ တက်ရောက်ခဲ့ပါသည်။

လေ့ကျင့်ရေးနှင့် ဆွေးနွေးပွဲအစီအစဉ်ကို ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များအတိုင်း လိုအပ်သော ကျွမ်းကျင်မှုများအတွက် ပြန်လည်သုံးသပ်ရေး ဆွေးနွေးရန် ၊ ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သော လေ့ကျင့်မှုများ ပြုလုပ်ပေးရန်၊ ကျယ်ပြန့်သော ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှု ရှိလာစေရန်၊ အမျိုးသားအဆင့် လေ့ကျင့်မှု များမှ စွမ်းရည်မြှင့်တင်ရေးများ ပြုလုပ်ဆောင်ရွက်ရန်နှင့် ပြန်လည်သုံးသပ်ရမည့် လုပ်ငန်းစဉ်အတွက် စစ်ဆေးရမည့် အချက်အလက်များအား ကိုယ်တိုင်ရှာဖွေ ဖော်ထုတ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

ဆွေးနွေးပွဲသို့ သြစတြေးလျ၊ ဘရူနိုင်းနိုင်ငံ၊ Cook Islands၊ အင်ဒိုနီးရှားနိုင်ငံ၊ အီရန်နိုင်ငံ၊ Kiribati နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ Marshall Islands၊ Micronesia နိုင်ငံ၊ မြန်မာနိုင်ငံ၊ Nauru နိုင်ငံ၊ Palau နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဆော်လမွန်ကျွန်းစုနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တီမောလက် စတေးနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ စသည်ဖြင့် နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ကိုယ်စားလှယ်(၅၇)ဦးနှင့် UNODC မှ ကျွမ်းကျင်သူ ကိုယ်စားလှယ်(၃)ဦး စုစုပေါင်းကိုယ်စားလှယ် (၆၀)ဦး တက်ရောက်ခဲ့ပါသည်။

မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသင်တန်းကျောင်း (MACA)တွင် ကျင်းပပြု လုပ်ခဲ့သော ဒုတိယစက်ဝန်းအတွက် လေ့ကျင့်ရေးနှင့်ဆွေးနွေးပွဲ အစီအစဉ်သို့ တက်ရောက်ခဲ့ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိခဲ့ပါသည်-

- UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး ဒုတိယစက်ဝန်းတွင် မြန်မာနိုင်ငံ၏ SAC ပြုစုရန်အတွက် လိုအပ်သော လုပ်ငန်းလမ်းညွှန်ချက်များ၊ UNCAC ပြဋ္ဌာန်းချက်အပိုဒ် တစ်ခုချင်းအလိုက် သတိပြုရန်အချက်များ သိရှိခြင်း၊

- Reviewer အနေဖြင့်သုံးသပ်ခံနိုင်ငံအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း သုံးသပ်နိုင်ရေး အတွေ့အကြုံများရရှိခြင်း၊

- UNCAC ပါ ပြဋ္ဌာန်းချက်များနှင့် နှိုင်းယှဉ်၍ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ လိုအပ်ချက်၊ အားနည်းချက်များအား ပြင်ဆင်နိုင်ခြင်း၊

- နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားနိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုများအား လေ့လာသိရှိခြင်းစသော အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

ဒုတိယစက်ဝန်းတွင် ပြန်လည်သုံးသပ်ခြင်းပြုနိုင်ရန် နိုင်ငံများ၏UNCAC ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအပေါ် အကောင်အထည်ဖော်ရေးအတွက် လိုအပ်သော အချက်အလက်များအား ရှင်းလင်းဆွေးနွေးသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လက်တွေ့ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရာ၌ မိမိနိုင်ငံမှ ပြဋ္ဌာန်း ထားသော ဥပဒေများနှင့်အညီ UNCAC ၏ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါသည်။

ဆက်စပ် သတင်းများ