စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

  • Fri, 22 September 2023

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်


၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

        စွမ်းအင်ဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၊ ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အရာထမ်း၊အမှုထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်ဒေါ်ကြူကြူဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပါသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က အဖွင့်အမှာစကားပြောကြားခြင်း

        ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများတိုက်ဖျက်ရာတွင် ဝန်ထမ်းများ လိုက်နာရမည့် သိသင့်သိထိုက်သောအကြောင်းအရာများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို သိရှိစေရန်နှင့် အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေး ကြိုတင်တားဆီးကာကွယ် နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို စိတ်စေတနာထက်သန်စွာနဲ့လာရောက်ဆောင်ရွက်ပေး ခြင်းအား အထူးပင်ကျေးဇူးတင်ကြိုဆိုပါကြောင်း၊ အခမ်းအနားကို ကျင်းပခြင်းဖြင့် စွမ်းအင်ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီး အဂတိလိုက်စားမှု မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာ များကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တ ကိုပျက်စီးစေနိုင်ပါကြောင်း၊ ဝန်ထမ်းများရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ပေါင်းသင်းဆက်ဆံရေးအပြင် ပြည်သူနှင့်ဆက်ဆံ ဆောင်ရွက်ရသည့်လုပ်ငန်းများ အဟန့်အတားဖြစ်စေပြီး အများပြည်သူတို့၏ ယုံကြည်မှု လျော့ကျစေကာ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ဂုဏ်သိက္ခာပါ ထိခိုက်စေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့်ပြန့်ပွားလျက်ရှိပြီး အဂတိ လိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူခံရကြမည်ဖြစ်သဖြင့် မိမိပတ်ဝန်းကျင်တွင်ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်        ရာထူးတာဝန်အဆင့်အလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောသားရင်သားမခွဲခြားဘဲ မျှတ စွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုမရှိစေရေးနှင့် ပပျောက် စေရေး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားရှိပြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း     

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှအဖွဲ့ဝင် ဒေါ်ကြူကြူဝင်းမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးရခြင်းမှာ နိုင်ငံ့ဝန် ထမ်းတိုင်း အဂတိလိုက်စားမှု သဘောသဘာဝနှင့်ဘေးအန္တရာယ်များကို သိရှိရှောင်ကြဉ်နိုင် စေရန်ဖြစ်ပါကြောင်း၊အဂတိတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များ အားလုံးပူးပေါင်းလာစေလိုကြောင်း၊အဂတိကို လက်မခံသည့်ဖြောင့်မတ်တည်ကြည်မှရှိသည့် လူမှု အသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ယခုဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက်  များစွာပိုမိုကျယ်ဝန်းပါကြောင်း ၊ ယုံကြည်အပ်နှံထားသည့်လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားပြုခြင်းသည်အစိုးရဌာနများတွင်သာမကပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်မှုရှိပြီး လာဘ်ငွေပေးခြင်း၊ ယူခြင်းတို့ကင်းရှင်းစေ၍ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအနေဖြင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်  ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။  

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့အားဆွေးနွေးပြောကြားခဲ့ရာတက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများမှ သိရှိလိုသည် များမေးမြန်းရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက ဆွေးနွေး ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အဂတိလိုက်စားမှုဆိုင်ရာကာကွယ် တားဆီးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် ရမည့်အစီအစဉ်များအားညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ