အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု အခြေအနေအား ရှင်းလင်းတင်ပြသည့် အခမ်းအနား

  • Wed, 13 September 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး  လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု အခြေအနေအား ရှင်းလင်းတင်ပြသည့် အခမ်းအနား


နေပြည်တော်၊ စက်တင်ဘာလ ၁၂

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဦးစီးဌာနများ၏ ၂၀၂၃ ခုနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့မွန်းလွဲ (၁၃:၀၀) နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 

    

 အခမ်းအနားတွင် ကော်မရှင်က္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌  ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ်၍ နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲကာ လအလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ရာ၌ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ကြောင်း၊ ကော်မရှင်သည် နိုင်ငံတော်၏ ဝင်ငွေရလမ်းကို ရှာဖွေပေးနေသော ဌာနမဟုတ်သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပစ္စည်းများနစ်နာဆုံးရှုံးမှု မရှိစေရေး အကာအကွယ်ပေးရန် အဓိကတာဝန်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉) ရပ် ချမှတ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ဘဏ္ဍာငွေများစွာ လျာထားသုံးစွဲလျက်ရှိရာ ကော်မရှင်အနေဖြင့်စီးပွားရေးကဏ္ဍများတွင် ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိရောက်စွာဆောင်ရွက်မှု ရှိ/ မရှိ ၊ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု ရှိ/ မရှိ စိစစ်၍တည့်မတ်ပေးရန် တာဝန်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် စံတန်းဖိုးများကို သိရှိလိုက်နာရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အလုပ်အကျွေးပြုနေသူများဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူအပေါ်သစ္စာရှိရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် တာဝန်ထမ်းဆောင်မှုနှင့်သက်ဆိုင်သည့် ဘာသာရပ်၊ နယ်ပယ်အားလုံးတွင် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝရန် လိုကြောင်း၊ နိုင်ငံတကာရှိ ကောင်းမွန်သည့် အလေ့အကျင့်များကို လေ့လာအတုယူရန်လိုကြောင်း၊ အောက်ခြေအတွေ့အကြုံ၊ အခက်အခဲများကို အကြီးအကဲများထံတင်ပြမှသာ ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မူဝါဒများချမှတ်ရာတွင် ပိုမိုထိရောက်မှန်ကန်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးရာတွင်လည်း ကော်မရှင်တစ်ခုတည်း  ဆောင်ရွက်၍မရကြောင်း၊ ပြည်ထောင်စု  

ဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုအားကောင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်ခြေပေးရန်ထက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလျော့ပေးဖို့ထက် လုပ်ငန်းကိုနိုင်နင်းအောင် ဆောင်ရွက်နိုင်ရန် စဉ်:စားသင့်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

     ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများအလိုက် ပထမ (၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်က္ကဋ္ဌက ဦးစီးဌာနများ၏ ၂၀၂၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ