Regional Workshop on Liability of Legal Persons for Corruption Offences at the National and International Level အလုပ်ရုံဆွေးနွေးပွဲ

  • Tue, 16 August 2016

Regional Workshop on Liability of Legal Persons for Corruption Offences at the National and International Level အလုပ်ရုံဆွေးနွေးပွဲ


    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Chatrium Hotel တွင် ၁၆-၈-၂၀၁၆ ရက်နေ့မှ ၁၇-၈-၂၀၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် Regional Workshop on Liability of Legal Persons for Corruption Offences at the National and International Level အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်နှင့် ဦးစီးအရာရှိ ဒေါ်မွန်မွန်အောင်တို့ တက်ရောက်ခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ အရှေ့တောင်အာရှ ဒေသတွင်းရှိ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင်‌့ တီမောလက်စတေးနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ UNODC ၊ UNDP ၊ OECD နှင့် အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၆)ဦး တက်ရောက်ခဲ့ပါသည်။ ဒေသတွင်း/ဒေသပြင်ပ နိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုခင်မင် ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းခံထိုက်သော အဖွဲ့အစည်း (Legal Person) များ၊ ပြည်ပပြည်သူ့အရာရှိ (Foreign Public Official) များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ အရာရှိ (Officer of International Organization) များ၊ အဂတိ လိုက်စားမှုကျူးလွန်ပါက အရေးယူအပြစ်ပေးရန် ဆောင်ရွက်နေသည့် အခြားနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများ၊ ပြည်ပအဂတိလိုက်စားမှု (Foreign Bribery Case) များတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးနေသည့် အကြောင်းအရာများကို သိရှိရခြင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ပြည်ပပြည်သူ့အရာရှိ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ အရာရှိတို့၏ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ အရေးယူရန် ဥပဒေပြဋ္ဌာန်းချက်များရှိပြီး ဖြစ်သော်လည်း ဥပဒေကြောင်းအရ အရေးယူခြင်းခံထိုက်သော အဖွဲ့အစည်း (Legal Person) များ၏ အဂတိလိုက်စားမှုများအား အရေးယူရန် သီးသန့်ပြဋ္ဌာန်းချက်မရှိသေးသဖြင့် နောင်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းသည့်အခါ ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် အတွေ့အကြုံများရရှိခြင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိရခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ