အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ

  • Tue, 15 August 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ


နေပြည်တော်၊ ဩဂုတ်လ ၁၅ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment)အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာအဆင့်(မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ မူလတန်း၊အလယ်တန်း ကျောင်းသား၊ကျောင်းသူ(၂၁၆)ဦးနှင့်  မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတို့တွင်လည်း အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂၅)ဦး တို့ကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ ကြပါသည်။


ဆက်စပ် သတင်းများ