အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ
- Mon, 31 July 2023
နေပြည်တော်၊ ဇူလိုင်လ ၃၁ ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဉက္ကဋ္ဌဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လက်ရှိတာဝန်ယူထားသည့်နေရာမှ လုပ်ငန်းတာဝန်များကို နှံ့စပ်စွာသိရှိရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဩဂုတ်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်”အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များထံ ပေးအပ်ခဲ့ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၀၂)တွင် သင်တန်း ဆင်းအရည်အချင်းသတ်မှတ်ချက် အဆင့်(၆)ရရှိခဲ့သည့် နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေး ဌာနခွဲမှ ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒေါ်ခင်နှင်းဝေနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ၊ စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၀၃) တွင် သင်တန်းဆင်း အရည်အချင်းသတ်မှတ်ချက် အဆင့်(၉) နှင့် စစ်ရေးပြထူးချွန်ဆုရရှိခဲ့သည့် နိုင်ငံတကာရေးရာဌာနခွဲမှ ဒုတိယလက်ထောက်ဦးစီးမှူး၊ ဒေါ်နန္ဒာထွန်းတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။