အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Online Platform ဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်းသင်တန်းကျင်းပ

  • Thu, 27 July 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Online Platform ဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်  အသုံးပြုနည်းသင်တန်းကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ Online Platform ဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

    ပထမဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် က အဖွင့်အမှာစကား ပြောကြားရာတွင် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ချမှတ်ထားရှိသည့် လုပ်ငန်းအစီအစဉ်(၆)ရပ်၊ လုပ်ငန်းတာဝန် (၃)ရပ်တို့နှင့်အညီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းအစီအစဉ် တစ်ခုဖြစ်သည့် “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များသည် အောက်ခြေရုံး ဌာနခွဲများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူတစ်ဦးချင်းထံသို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme – PFP) အသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး အသေးစားအဂတိလိုက်စားမှုမဖြစ်စေရေး တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာအသုံးပြုသွားရန်”အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပူးပေါင်း၍ ယခုသင်တန်းကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 


ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အမှာစကားပြောကြားရာတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အသေးစားအဂတိလိုက်စားမှုများ လျှော့ချရန်နှင့် ကာကွယ်တားဆီးရန် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ပြည်သူများ၏ စားဝတ်နေရေးကို အလေးထားကြောင်း ပြည်သူများသိရှိရန်နှင့် အစိုးရအဖွဲ့နှင့်ပြည်သူများအကြား ယုံကြည်မှုပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ အသုံးပြုလျက်ရှိပါကြောင်း၊ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို  ဆောင်ရွက်ရာ၌ Short Code နံပါတ် “1111” ဖြင့် SMS ပေးပို့ရယူလျက်ရှိရာ တုံ့ပြန်မှုရာခိုင်နှုန်း တိုးတက်လာသော်လည်း လိုအပ်ချက်များ ရှိနေသေးပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆိုသည်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင်ရှိသည့် တစ်ဦးတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းမျိုးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အစိုးရမှ ဦးတည်ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုလျော့နည်းသည့် ပတ်ဝန်းကျင်ကို တည်ဆောက်လာနိုင်မှာဖြစ်ပြီး ပြည်သူ လူထု၏ ယုံကြည်အားကိုးမှု ပိုမိုရရှိလာမှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဆွေးနွေးပို့ချပေးမည့် နည်းပညာဆိုင်ရာ သင်ခန်းစာများကို အလေးအနက်ထား မှတ်သားလိုက်နာပြီး ကိုယ်တိုင်တတ်သိလိုစိတ်ဖြင့် ကြိုးစားလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။




    ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးမှ PFP Web Portal အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပို့ချ ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ