UNODC မှ ကိုယ်စားလှယ်များနှင့်လက်ခံတွေ့ဆုံဆွေးနွေးမှု
- Mon, 9 May 2016
၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်သောအဖွဲ့သည် UNODC မှ Mr.Francesco Checchi ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် UNODC အနေဖြင့် ဥပဒေရေးရာနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်ကိစ္စရပ်များ၊ ကော်မရှင်ဖွဲ့စည်းပုံ၊ ပြည်တွင်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ဝန်ထမ်းများ၏ လေ့ကျင့်ရေးသင်တန်းများတက်ရောက်ရန် လိုအပ်မှုနှင့် အကဲဖြတ်ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ပါသည်။