အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

  • Wed, 21 June 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ


နေပြည်တော်၊ ဇွန် ၂၁

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ သစ်မာပင်များနှင့် သီးပင်စားပင်များအား ကော်မရှင်ရုံးရှိဝန်ထမ်းများဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကော်မရှင်ရုံးပတ်ဝန်းကျင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

    မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က သက်ဆိုင်ရာဦးစီးဌာနများဖြစ်ကြသည့် ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီး ဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနများထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး ကော်မရှင်ဥက္ကဋ္ဌမှဦးဆောင်၍ စိုက်ပျိုးခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးသည့်အပင်များ အမှန်တကယ်ရှင်သန်အောင်မြင်ဖြစ်ထွန်းလာစေရန် သစ်တောပြုန်းတီးမှုများ တိုက်ဖျက်နိုင်ရန်၊ အဖိုးတန်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်၊ ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သည့်အနာဂတ်များကို ဖော်ဆောင်နိုင်ရန်၊ နောင်လာနောင်သားမျိုးဆက်သစ်များ အတွက် ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်အမွေအနှစ်များ ဖန်တီးပေးနိုင်ရန်၊ အရိပ်အာဝါသပေးစွမ်းနိုင်ပြီး လေထု၏အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်အတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းကို ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်စိုက်ပျိုးခဲ့ကြသည်။

  ကော်မရှင်အနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် ရတနာ တန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်းပျိုးပင် (၅၁၇) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။


     




ဆက်စပ် သတင်းများ