Regional Workshop on Promoting the Effective Protection of Witnesses and Reporting Persons in Corruption Cases အလုပ်ရုံဆွေးနွေးပွဲ
- Tue, 26 April 2016
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုများတွင် သက်သေအဖြစ်ပါဝင်ဆောင်ရွက်သူများနှင့် သတင်း ပေးပို့သူများအား ထိရောက်သော ကာကွယ်ပေးမှုတိုးမြှင့်ရေးဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Promoting the Effective Protection of Witnesses and Reporting Persons in Corruption Cases ) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်တို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အရှေ့တောင်အာရှဒေသတွင်းရှိ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တီမောလက်စတေ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ UNODC ၊ UNDP နှင့် အခြား ဖိတ်ကြားထား သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများမှမိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုခင်မင်ရင်းနှီးစွာဆက်ဆံနိုင်ခြင်း၊ မိမိတို့ထက် အတွေ့အကြုံရင့်ကျက်သောအခြားနိုင်ငံများ၏သက်သေများ၊ သတင်းပေးသူများ၊ ဆက်စပ် ပတ်သက်သူများကို အကာအကွယ်ပေးရေးဆိုင်ရာဆောင်ရွက်မှု အခြေအနေများအား သိရှိရခြင်း၊ မိမိတို့မြန်မာနိုင်ငံတွင် သက်သေများနှင့် သတင်းပေးသူများအား အကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျှက်ရှိသော်လည်း သီးခြားဥပဒေများ ပြဋ္ဌာန်းသည့်အခါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းသိရှိရခြင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိရခြင်း စသည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။
ထို့ပြင် ဒေသဆိုင်ရာအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် နည်းလမ်းများကို လည်း လေ့လာခွင့်ရရှိခဲ့သဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာအဆင့် / ဒေသ ဆိုင်ရာအဆင့်အစည်းအဝေးများ ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲ မှ ရရှိခဲ့သည့် အတွေ့အကြုံများအား အသုံးချနိုင်မည်ဖြစ်ပါသည်။